# Introduction To Linux Operating System

## What is Linux ?

![](https://2420520340-files.gitbook.io/~/files/v0/b/gitbook-legacy-files/o/assets%2F-M5HICeWm1-KusT-Hi1-%2F-MYe0YHNuj2j5uNhqNkb%2F-MYe0e1EB2c4PEww1-0l%2Fimage.png?alt=media\&token=ba76b7e2-21b9-49fa-94c6-7a820e2c351e)

&#x20;Linux ဆိုတာက UNIX Type Opreating System ဖြစ်ပါတယ်။ဆက်ပီးတော့သိရမှာကတော့ Linux အပြင်နောက်ထပ် UNIX ဆိုတဲ့ Operating System ဆိုတာရှိပါသေးတယ်။ UNIX ဆိုတဲ့ Operating System တွေကတော့ ဟိုး Linux မပေါ်ခင်ကတည်းက UNIX ဆိုတဲ့ Operating System ဆိုတာရှိပါတယ်။UNIX ဆိုတဲ့ OS တွေက အရင်တုန်းကတော့ Free Type ဖြစ်တယ်။နောက်ပိုင်းကျတော့ AT\&T Company က ဝယ်လိုက်သည့်အခါမှာတော့ UNIX က Enterprise Level ဖြစ်လာပါတယ်။ Enterprise Level ဖြစ်လာသည့်အခါကြတော့ဘာတွေဖြစ်လာလည်းဆိုတော့ နောက်ထပ် စာသင်ကျောင်းတွေမှာ အသုံးပြုလို့ရမယ့် Mini UNIX လေးတွေ အသုံးပြုလာကြတယ်။ Mini UNIX လေးတွေ အသုံးပြုလာကြတဲ့အခါကြတော့ Developer တွေက သူတို့ Operating System တွေကို Create လုပ်ကြတယ်။ အဲ့ဒီမှာမှစပြီးတော့ Linux Operating System ကို စပြီး Create လုပ်ခဲ့သည့် သူကတော့ Linus Torvalds ပဲဖြစ်ပါတယ်။ ဒါပေမဲ့ သူလုပ်တာတော့ Operating System အဆင့်လောက်ထိတော့ မရောက်သွားပဲ Kernal အဆင့်လောက်ထိပဲ လုပ်နိုင်ခဲ့ပါတယ်။ကျွန်တော်တို့ Linux အကြောင်းကိုပြောဆိုတာနဲ့ UNIX ဆိုတာကိုလဲ သိဖို့လိုလာပါလိမ့်မယ်။

## What is UNIX ?

![](https://2420520340-files.gitbook.io/~/files/v0/b/gitbook-legacy-files/o/assets%2F-M5HICeWm1-KusT-Hi1-%2F-MYe0YHNuj2j5uNhqNkb%2F-MYe0gi0Yv6zzpj1ALMO%2Fimage.png?alt=media\&token=b4eb4736-09d3-4be8-b6e8-5e83eca613fb)

UNIX ဆိုတာဘာလဲ။ UNIX ကို ဘယ်သူကစပြီးလုပ်ခဲ့လဲဆိုရင်တော့ Brian Kernighan ပဲဖြစ်ပါတယ်။သိထားရမယ့် အကြောင်းတစ်ခုက ကျွန်တော်တို့ ပြောနေတဲ့ UNIX ဆိုတာက အတိုကောက် စာလုံးမဟုတ်ပါ။သီးသန့် နာမည်ပေးထားခြင်းဖြစ်ပါသည်။ UNIX ဆိုတာလည်း Operating System တစ်ခုပဲဖြစ်ပါသည်။သူက ဘာနဲ့တူလဲဆိုတော့ Microsoft Windows နဲ့ တူပါတယ်။ သူမှာလည်း GUI နဲ့ရှိပါတယ်။ GUI ဆိုတာက တော့ Graphical User Interface ပဲဖြစ်ပါတယ်။UNIX နဲ့ပတ်သက်ပီးသိထားရမှာက UNIX Operating System တွေမှာ အလုပ်လုပ်တဲ့ ပုံစံကဘယ်လိုလဲ ဆိုတော့ Multi-User,Multi-tasking အနေနဲ့ အလုပ်လုပ်ပါတယ်။သူ့ကို ဘယ်မှာအသုံးပြုလဲဆိုတော့ Server တွေ Desktop တွေ Laptop တွေမှာအသုံးပြု ပါတယ်။ဟုတ်ပါပီ အဲ့ဒီ Multi-User,Multi-Tasking ဆိုတာဘာလဲ ။ ဆိုပါတော့ Multi-User ဆိုတာကကျွန်တော် Computer မှာ User Account တစ်ယာက်တင်မဟုတ်ပဲ နောက်ထပ် User တွေက ဆက်ပီးတော့အသုံးပြုခြင်းကိုဆိုလိုပါသည်။ Multi-Tasking ဆိုတာကတော့ အလုပ်တာဝန်တွေကို တစ်ခုထပ်ပိုပြီးတော့လုပ်ဆောင်နိုင်ပါတယ်။ ဥပမာ ပေးရမယ်ဆိုရင်တော့ Computer သုံးနေရင်းနဲ့စာရိုက်တယ် စာရိုက်နေရင်းနဲ့ပျင်းလာပီဆိုရင် သီချင်းလေးဖွင့်ထားတယ်။အဲ့တော့ Computer ကိုအလုပ်တာဝန် နှစ်ခုခိုင်း လိုက်တယ်။

## What is GNU ?

![](https://2420520340-files.gitbook.io/~/files/v0/b/gitbook-legacy-files/o/assets%2F-M5HICeWm1-KusT-Hi1-%2F-MYe0YHNuj2j5uNhqNkb%2F-MYe0isa5m-IxL_yFiiX%2Fimage.png?alt=media\&token=8dbbfc0c-2093-4bed-92a9-f3e8e29c9f49)

Linux အကြောင်းပြောကြပီဆို GNU ဆိုတာကိုလဲသိဖို့လိုပါတယ်။ GNU ကိုစပီး လုပ်တာကတော့ Richard Stallman ပဲဖြစ်ပါတယ်။Richard Stallman က GNU ကိုအသုံးပြုပြီးတော့ Operating System ကိုဖြစ်အောင်လုပ်ခဲ့ပါတယ်။ဒါပေမဲ့ GNU ကိုသုံးစင်အခါတုန်းက Richard Stallman က Linux Kernal ကိုယူမသုံးပဲ တခြား Kernal တစ်ခုကိုသုံးခဲ့တာရှိခဲ့တယ်။အဲ့ဒီအချိန်တုန်းကမအောင်မြင်ဘူး။GNU Project မှာ Linux Kernal ကိုယူသုံးလိုက်တဲ့အခါကြမှအောင်မြင်သွားတယ်။နောက်ပိုင်း မှာပေါက်လာတော့ Linux ဆိုပီးလူသိများလာတယ်။တကယ်တော့ Linux ဆိုတာက GNU Project မှာRichard Stallman က Announced လုပ်ထားတဲ့ GNU နဲ့ Linus Torvalds က Create လုပ်ထားတဲ့ Kernal နှစ်ခုပေါင်းစပ်မှ Linux ဆိုတာဖြစ်လာတာ ။ ဒါပေမဲ့ လူတိုင်းက ဒီ Kernal ကိုပဲ Linux ဆိုပီးခေါ်ကြတယ်။Linux ကိုအတိအကျပြောမယ်ဆိုရင်တော့ GNU Linux လို့ပြောလို့ရတယ်။ ပထမတုန်းကGNU Linux မှာ အသုံးပြုထားတဲ့ Kernal က Hurd Kernal ကိုအသုံးပြုတယ်။ အဲ့ဒီ Kernal မှာမအောင်မြင်လို့ Linux Kernal ကိုအသုံးပြုလိုက်တဲ့အခါအောင် မြင်သွားတယ်။ GNU စတင်ပေါ်ပေါက်တုန်းကတော့ 32 bit Architecture ကိုအသုံးပြုခဲ့တယ်။ နောက်တစ်ခုက GNU တွေက ဘာဖြစ်လဲဆိုတော့ (POSIX) ဖြစ်တယ်။ POSIX ကတော့ Portable Operating System Interface ဖြစ်ပါတယ်။ အဲ့ဒါဘယ်လိုမျိုးလဲဆိုတော့ ကျွန်တော်တို့ ဆီမှာ Linux ခေတ်စားလာတုန်းကပေါ့။အသုံးပြုတွေက Ubuntu ဆိုတဲ့ Linux Operating System ကိုအများစုအသုံးပြုကြတယ်။အဲ့တုန်းကဆိုရင် ပုံမှန် Windows အသုံးပြုတွေက Linux အသုံးပြုချင်တယ်ဆိုရင် သီးသန့်ကြီး Install လုပ်စရာမလိုပါဘူး။ နောက် အဲ့ Linux OS က အခွေထဲမှာ ထည့်ထားလို့ရတယ်။အခွေထဲမှာတင် Boot တက်ပီးတော့အသုံးပြုလို့ရပါတယ်။အဲ့အခွေနဲ့တခြား Computer သွားသုံးလဲရတယ်။ဘယ် Computer ပဲရောက်ရောက်Installation လုပ်စရာမလိုပဲ တန်းပီးတော့အသုံးပြုလို့ရတည့်အတွက် အဲ့တာကို Portable လို့ခေါ်ပါတယ်။

## Type of UNIX

UNIX အမျိုးအစားတွေကတော့ အများကြီးရှိတယ်။အဲ့ဒီထဲမှာမှ Most Popular ဖြစ်တဲ့ UNIX အမျိုးအစားတွေကတော့ Sun Solaris,GNU/Linux and MacOS X တို့ပဲ ဖြစ်ပါတယ်။UNIX Operating System တွေကအလုပ်လုပ်တဲ့ အပိုင်းသုံးပိုင်းရှိတယ်။ အဲ့ဒါကတော့ Kernal ,Shell and Programs တို့ပဲဖြစ်ပါတယ်။

## The Kernal

![](https://2420520340-files.gitbook.io/~/files/v0/b/gitbook-legacy-files/o/assets%2F-M5HICeWm1-KusT-Hi1-%2F-MYe0YHNuj2j5uNhqNkb%2F-MYe0lD6mZKbgBvhh4b0%2Fimage.png?alt=media\&token=d632f2aa-2ac0-4d61-b4c8-553b6c644691)

Microsoft Word ကိုအသုံးပြုပြီးစာရိုက်လိုက်ပီ။ အဲ့တော့ Word ကို အသုံးပြုဖို့အတွက် Computer မှာ Microsoft Word ကို Install လုပ်ထားရမယ်။Installation လုပ်ပီး စာတွေရိုက်နေပြီ Microsoft Word သည် Application ထဲမှာရှိတယ်။အဲ့တော့ ရိုက်လိုက်တဲ့ စာတွေက Hardware ကိုသွားပီးတော့ခိုင်းစေသည့်ဖို့အတွက် ကြားထဲမှာ Kernal ဆိုတာ လိုအပ်တယ်။Kernal ဆိုတာကတော့ Hardware နဲ့ Software ကြားမှာအလုပ်လုပ်ပေးတယ်။Kernal နဲ့ Application ကတိုက်ရိုက်ချိတ်ထားတာလားဆိုတော့ မဟုတ်ဘူး။ Kernal နဲ့ Application ကြားမှာ Shell ဆိုတာရှိတယ်။ Shell ကနေမှတစ်ဆင့် Kernal ကိုစေခိုင်းတယ်။ Linux မှာတော့ Application တွေထပ်စာရင် Shell ကို Server ပိုင်းတွေမှာ အသုံးများတယ်။

## The Shell

Shell ဆိုတာကဘာလဲ။ Windows မှာ ဆိုရင်တော့ Command Line ပေါ့ Cmd နဲ့အသုံးပြုတာကိုခေါ်တယ်။ Linux မှာတော့ Terminal ဆိုတာကိုသုံးပါတယ်။Shell မှာတော့ Cli နဲ့ပဲအသုံးပြုရမယ်။

## The Program

Program ဆိုတာကတော့ Software တစ်ခု Install လုပ်ပီး စာတွေရိုက်တယ်။ပီးရင်ရိုက်ပီးသားစာကို save လုပ်ပီ save ဆိုတဲ့ Button ကိုနှိပ်ပီးတောသိမ်းတယ်။Installation လုပ်ထားပီးသမျှ Software တွေအကုန်လုံးကို Instructions ပေးလို့ရသမျှကို Program လို့ခေါ်တယ်။

## What is Operating System

![](https://2420520340-files.gitbook.io/~/files/v0/b/gitbook-legacy-files/o/assets%2F-M5HICeWm1-KusT-Hi1-%2F-MYe0YHNuj2j5uNhqNkb%2F-MYe0vXzsx2o1KuxSAux%2Fimage.png?alt=media\&token=d9a5fb6f-c548-4a16-a62e-662b6083da24)

Operating System ဆိုတာက Software နဲ့ Hardware ကြားထဲမှာအလုပ်လုပ်တဲ့ Software အပိုင်းလေးပဲဖြစ်ပါတယ်။ထားပါတော့ ကျွန်တော်တို့က Computer တစ်လုံးဝယ်လိုက်တယ်။

အဲ့ဒါဆိုတန်းသုံးလို့ရပီလားဆိုတော့မရသေးပါဘူး။ကျွန်တော်တို့အသုံးပြုဖို့အတွက် Computer ဆိုသည့် Hardware ပေါ်မှာ Operating System ဆိုသည့် Windows,Linux,Macos ကိုတင်သုံးရပါတယ်။ Operating System ရဲ့အလုပ်လုပ်ပုံကတော့ -

![](https://2420520340-files.gitbook.io/~/files/v0/b/gitbook-legacy-files/o/assets%2F-M5HICeWm1-KusT-Hi1-%2F-MYe0YHNuj2j5uNhqNkb%2F-MYe0xfEZ1zEby8xVTWA%2Fimage.png?alt=media\&token=5ddf8667-b483-4557-b476-b9093f03e86f)

·         Computer သုံးဖို့အရင်ဆုံး Hardware ရှိရမယ်။

·         အဲ့လို Hardware ရှိပြီဆိုရင် အသုံးပြုဖို့ Operating System လိုလာမယ်။

·         Operating System ရှိမှသာ Application တွေကို User ကအသုံးပြုနိုင်မှာဖြစ်တယ်။

### Linux Distribution

![](https://2420520340-files.gitbook.io/~/files/v0/b/gitbook-legacy-files/o/assets%2F-M5HICeWm1-KusT-Hi1-%2F-MYe0YHNuj2j5uNhqNkb%2F-MYe15y6-NDiFtHmjMkA%2Fimage.png?alt=media\&token=3f7203b8-4da4-49a0-b856-f266ee9d30ca)

Linux မှာ Distro အများကြီးရှိတယ်။အသေးစိတ်ကိုလည်း [www.distrowatch.com](http://www.distrowatch.com/) မှာသွားကြည့်လို့ရတယ်။အဲ့ဒီထဲကမှအထင်ရှားဆုံး Linux Distro တွေကတော့ -

1\. Ubuntu

2\. Red Hat Enterprise Linux (RHEL)

3\. SUSE Linux Enterprise Linux

4\. CentOS

5\. Debian

6\. Fedora             စသဖြင့် ရှိပါတယ်။

### Advantages of LINUX

·         it’s free and open source

·         Linux is portable hardware platform

·         requires minimal hardware configuration

·         Linux continue work well even when the hard disk is almost full

·         No threat of virus

### Disadvantages of LINUX

·         Text Interface is not as user-friendly as Windows

·         Less Commercial Software available

·         More difficult to set up

·         Ther are far too many distro


---

# Agent Instructions: Querying This Documentation

If you need additional information that is not directly available in this page, you can query the documentation dynamically by asking a question.

Perform an HTTP GET request on the current page URL with the `ask` query parameter:

```
GET https://linux.waiyan.dev/master.md?ask=<question>
```

The question should be specific, self-contained, and written in natural language.
The response will contain a direct answer to the question and relevant excerpts and sources from the documentation.

Use this mechanism when the answer is not explicitly present in the current page, you need clarification or additional context, or you want to retrieve related documentation sections.
