Boot Process
Boot Process
Linux တင်ပီးသွားပီ စက်ကို Power On လိုက်တာနဲ့ စပီးတော့ အလုပ်လုပ်တဲ့အဆင့်တွေပဲဖြစ်ပါတယ်။
BIOS
Motherboard ပေါ်က BIOS(Basic Input Ouput System) ကနေစတယ်။ အဲ့ဒါကိုမှ Hardware စစ်ဆေးတယ်။စစ်ဆေးပြီးတော့မှနောက်တစ်ဆင့်ကိုသွားတယ်။
MBR
ဒီအဆင့်မှာက MBR Loading လုပ်တယ်။ Boot တက်ဖို့အတွက်လိုအပ်တဲ့ Bootloaderလေးကိုသွားဖတ်တယ်။ Master Boot Record(MBR) သွားဖတ်တာပေါ့။အဲ့ဒီ MBR ကဘယ်မှာရှိလဲဆိုရင်Harddiskထဲမှာရှိတယ်။Harddisk ထဲမှာရှိတဲ့ MBR ကိုဖတ်ပီးတော့ နောက်တစ်ဆင့်ဆက်သွားတယ်။
GRUB Boot Loader
ဒီအဆင့်ကတော့ Grub Boot loader ကိုဆွဲတင်တယ်။ Grub Boot Loader ကဘာလဲဆိုတော့ ကျွန်တော်တို့စက်မှာ WIndows နဲ့ Linux နှစ်မျိုးလုံးတင်ထားတယ်။ Dual Boot ပေါ့။
အဲ့ကျရင်စက် စဖွင့်သည့်အချိန်မှာဘယ် Operating System နဲ့ Boot တက်မလဲဆိုတဲ့ Menu လေး Boot Menu လေးနဲ့ပြတယ်။အဲဒါကို Grub boot loaderလို့ခေါ်ပါတယ်။
Kernel
ပီးသွားရင် Kernel ကိုသွားတယ်။ Kernel က Operating System တစ်ခုရဲ့ lowest level လေးပဲဖြစ်ပါတယ်။သူက Operating SYstem နဲ့ hardware တွေကြားထဲမှာထိန်းညှိပေးတဲ့ Core အပိုင်း(ကျောရိုးအပိုင်း)လေးပဲဖြစ်ပါ
တယ်။ဒါကိုKernel လို့ခေါ်တယ်။Kernel ဆီကိုရောက်ပီးရင်နောက်တစ်ဆင့်ဘယ်ကိုသွားလဲဆိုတော့ initialization process(Init Process) ကိုသွားတယ်။
Init Process
Init Process (Run Level)တွေကဘာလဲဆိုတော့ Windows မှာဆိုရင် Safe Mode,Safe Mode with Networking,Normally Start လုပ်သလိုပဲ။ Linux မှာလည်း GUIနဲ့Bootတက်မလား။Cliနဲ့ Boot တက်မလား။
အဲ့ဒီအတွက် Run Level ဆိုတာရှိပါတယ်။Gui နဲ့ Boot တက်ရင်ဘယ် Process ကို run ရမယ်၊ Command Line နဲ့ boot တက်ရင် ဘယ် process ကို run ရမယ်ဆိုတာကိုလုပ်ဆောင်ပေးတာကို Run Levelလို့ခေါ်ပါတယ်။ပီး တော့မှ User prompt ဆိုတဲ့ Login Box လေးဆီရောက်သွားတယ်။
User Prompt
User Prompt မှာတော့ Username ထည့် password ထည့် ဒါဆို ကိုယ်သုံးချင်တယ့် Application သုံးလို့ရပီ။ကိုယ်ရိုက်ချင်တယ့် Command ရိုက်လို့ရပီ ဆိုတဲ့ နောက်ဆုံးအဆင့် ကိုရောက်ပါတယ်။ အားလုံးပေါင်း အဆင့်(၆)ဆင့်ကိုဖြတ်သန်းပီးတော့မှ User Prompt ကိုရောက်ပါတယ်။
Last updated
Was this helpful?