User and Application,Kernel,Shell

User And Application

User And Application ဆိုတာကတော့ရိုးရှင်းပါတယ်။ User ဆိုတာ Computerကိုအသုံးပြုသည့်သူဖြစ်ပြီး ၊ Application ကတော့ User လုပ်သမျှကိုအကုန်လုပ်ဆောင်ပေးရသူဖြစ်သည်။

Kernel

Kernel ဆိုတာကတော့ Computer Operating System တစ်ခုရဲ့ မရှိမဖြစ်လိုအပ်တဲ့ ပင်မ core program ကို ခေါ်ဆိုခြင်းဖြစ်ပါတယ်။အဲ့ဒီ Program က ဘာတွေလုပ်ပေးလဲဆိုတော့ ၊ Operating System အတွက်လိုအပ်သည့် services တွေကို ထုတ်ပေးပါတယ်။ User ကအသုံးပြုသည့် Application တွေကနေ ပေးပို့လိုက်တဲ့ Input/Output Request တွေကို CPU နဲ့ အခြား အစိတ်အပိုင်းတွေနားလည်သည့် Language တစ်ခုအဖြစ်စီမံပေးပါတယ်။

Shell

Shell ဆိုတာကတော့ User နဲ့ Kernel အလုပ်လုပ်သည့် Interface တစ်ခုပါ။Operating System ထဲကို Login ဝင်လိုက်ပီဆိုတာနဲ့ Username နဲ့ password စစ်ဆေးပီးရင် Login Program ဟာ Shell ကနေတစ်ဆင့် Kernel ဆီ ချိတ်ဆက်ရပါတယ်။ Shell ဟာ Command Line Interpreter ဖြစ်ပီး Kernel ဆီကို ရောက်မသွားအောင် ထိန်းကြောင်းပေးပါတယ်။ဥပမာ - Terminal ကိုဖွင့်ပီး မရှိတဲ့ Command mgmg လို့ရိုက်ကြည့်ပီး Enter ခေါက်ကြည့်လိုက်ပါ။ bash: mgmg: command not found ဆိုပီး ပေါ်လာလိမ့်မည်ဖြစ်ပါသည်။ ဒါက Kernel ဆီကို Instruction အမှားတွေရောက်မသွားအောင် Shell က တားဆီးလိုက်တာကြောင့်ပါ။ Shell နဲ့ ပတ်သက်လို့ Linux System မှာ bash shell, sh shell, csh shell စသဖြင့် ပါဝင်ပီး bash shell ကိုတော့ Linux ရဲ့ Default Shell အနေနဲ့ ထည့်သွင်းပေးထား လေ့ရှိပါတယ်။ မိမိ သုံးနေတဲ့ Shell အမျိုးအစားကိုသိချင်ရင်တော့ Terminal ကိုဖွင့်ပီး echo $0 လို့ရိုက်ကြည့်နိုင်ပါတယ်။

Last updated

Was this helpful?