Linux File/Folder Properties
Last updated
Was this helpful?
Last updated
Was this helpful?
ls -l ဆိုပြီးခေါ်ကြည့်လိုက်တဲ့အခါမှာဒီလိုထောင်လိုက်ပုံစံမျိုးလေးလာပြနေပါလိမ့်မယ်။ အရှေ့ဆုံးက d ဆိုတာလေးကဘာလဲဆိုတော့ file type ဆိုတာကိုဆိုလိုခြင်းပဲဖြစ်ပါသည်။d ကဘာလဲဆိုတာတော့ directory ပြောတာဖြစ်ပါတယ်။ဒီနေရာမှာ file ဆိုရင်တော့ - နဲ့ လာပြနေမှာဖြစ်ပါတယ်။နောက်ထပ် ရှေ့ကrwxသုံးလုံးတွဲက User Permission ,ဒုတိယr-x သည် Group Permission ဖြစ်ပြီး , နောက်ဆုံးက r-x သည် User and Group လဲမဟုတ်သည့် Other Permission ပဲဖြစ်ပါသည်။
နောက်ထပ် Permission နောက်က 2 ဆိုသည့် Number လေးတွေကဘာလဲဆိုတော့ ဒီ Folder ရဲ့ sub directory ဘယ်နှခုရှိလဲဆိုတာကို ဆိုလိုခြင်းဖြစ်ပါသည်။Music Folder မှာ 49 ခုပြနေတာကတော့ သူက sub directory 49 ခုခွဲထားတာကိုပြနေတာပဲဖြစ်ပါတယ်။File ဆိုရင်တော့ အဲ့နေရာမှာ 1 လို့ပဲပြပါလိမ့်မယ်။နောက်ထပ် Folder New ဆောက်ပြီးကြည့်တဲ့အခါ mkdir folder1 ဒီလိုဆောက်ပြီး ls -ld folder1 လို့ကြည့်လိုက်တဲ့အခါမှာအဲ့နေရာမှာ 2 လို့ပြနေပါလိမ့်မယ်။အဲ့ Folder ကအခုမှဆောက်တာ အထဲမှာ sub Folder လဲမရှိဘူး။ဘာလို့ 2 ဖြစ်နေတာလဲ။ ဘာလို့ဖြစ်နေတာလဲဆိုရင်တော့ ဒီ Directory တစ်ခုမှာ Upper Directory နဲ့ Lower Directory ဆိုတာရှိတယ်။ဒီ Directory ထဲကို cd folder1 လို့ဝင်လိုက်တာနဲ့ Lower Directory ဒါသည် Lower Directory ဖြစ်ပါသည်။ls ကြည့်ရင်လဲဘာမှမရှိပါဘူး။အဲ့မှာ cd .. နဲ့ပြန်ထွက်လိုက်မယ်ဆိုရင် Upper Directory ပြန်ရောက်သွားပါပြီ။Upper Directory ရယ် Lower Directory ရယ်ကို ကိုယ်စားပြုသည့်အတွက် 2 လို့ပြနေခြင်းဖြစ်ပါသည်။
နောက်ထပ် devnet ကဘာလဲဆိုတော့ ဒီ file ကို ပြုလုပ်သည့် User/Owner ဖြစ်ပါတယ်။ပြီးရင်ဒုတိယ devnet ကကျတော့ ဒီ File ကိုပိုင်ဆိုင်သည့် Group Name ဖြစ်ပါသည်။နောက်တစ်ခုကတော့ size ပဲဖြစ်ပါတယ်။ File/Folder Size kilobytes နဲ့ပြနေခြင်းဖြစ်ပါသည်။နောက်တစ်ခုကတော့ date ပဲဖြစ်ပါတယ်။နောက်ဆုံးကတာ့ file/folder ရဲ့အမည်ကိုပြနေခြင်းဖြစ်ပါသည်။ဒါကတော့ File/Folder တွေကို ls Command နဲ့ကြည့်သည့်အခါဘာတွေလဲဆိုတာကိုဖော်ပြပေးခြင်းပဲဖြစ်ပါတယ်။