File Paths
Linux ရဲ့ File Paths တွေအကြောင်းပြောရမယ်ဆိုရင်တော့ File Paths ဆိုတာက File တွေဆီကိုသွားသည့်လမ်းကြောင်းကိုဆိုလိုပါတယ်။File Path မှာ အမျိုးအစား (3) မျိုးရှိပါတယ်။အဲ့ဒီ File Paths (3)မျိုးကတော့ (1) Absolute file path,(2)relative file path,(3)navigation file path တို့ပဲဖြစ်ပါတယ်။
(1)Absolute File Path
Absolute File Path ဆိုတာက root ကနေအစပြုသည့် file path ကိုဆိုလိုခြင်းဖြစ်ပါသည်။ဥပမာ - /home/Dr3am/Desktop ဒီလိုမျိုး file path ကိုတော့ Absoulte file path ဟုခေါ်ပါသည်။
(2)Relative File Path
Relative FIle Path ကတော့ / ကနေမစသည့်ရိုးရိုး file path ပဲဖြစ်ပါသည်။ဥပမာ- cd /home ဒီလိုမျိုးပုံစံကိုဆိုလိုခြင်းဖြစ်ပါသည်။
(3)Navigation File Path
Navigation FIle Path ဆိုတာကတော့ File ရှိသည့် နေရာကို Command တစ်ကြောင်းထဲမသွားပဲ directory မှတစ်ဆင့် ရိုက်ပြီးသွားတာကိုဆိုလိုခြင်းဖြစ်ပါသည်။ဥပမာ - cd /home , cd /Dr3am , cd Desktop ဒီလိုမျိုးတစ်ဆင့်ပြီးမှတစ်ဆင့်သွားခြင်းကိုဆိုလိုပါသည်။
Last updated
Was this helpful?