Creating User and User Information Command

Linux မှာUser Account လေးတည်ဆောက်ကြရအောင်။မိမိအသုံးပြုနေသည့် User Account Name ကိုသိချင်ရင်တော့ whoami လို့ရိုက်ပြီးကြည့်နိုင်ပါတယ်။ User Account ဆောက်မယ ်ဆိုရင် User Account အမျိုးအစား ၃ မျိုးရှိတာကို သိထားဖို့လိုအပ်ပါတယ်။အဲ့ဒါတွေကတော့

- 1) Superuser

- 2) System User

- 3) Normal User တို့ပဲဖြစ်ပါတယ်။

1.Superuser ဆိုတာကတော့ root account ကိုဆိုလိုခြင်းပဲဖြစ်ပါသည်။Linux System တစ်ခုလုံးမှာ လုပ်ပိုင်ခွင့် အရှိဆုံးပေါ့။ သူရဲ့ UID (User ID ) ကတော့ 0 ပါ။

2. System user ဆိုတာကတော့ Linux System အတွက်လိုအပ်သည့် Account တွေကိုဆိုလိုတာပါ။ Operating System ကသူဘာသူ run ဖို့သုံးတဲ့ Account တွေပဲဖြစ်ပါသည်။

3. Normal User ဆိုတာကတော့ သာမန်အသုံးပြုသည့် user account တွေပေါ့။တစ်နည်းအားဖြင့် အသစ်ထပ်မံတည်ဆောက်တာသည်လည်း Normal User Account ဖြစ်ပါသည်။Normal User Account လိုအားလုံးကို လုပ်ပိုင်ခွင့် မရှိပါဘူး။နောက်ထပ်ပြောပြချင်တာကတော့ User ID ပါ။ User ID ( UID) ဆိုတာက User Account တည်ဆောက်စဥ်မှာတည်းက တစ်ခါတည်းပါလာတဲ့ ID ပဲဖြစ်ပါတယ်။

UID 0 ကတော့ root account ရဲ့ UID ပါ။ UID 1 to 999 ထိကတော့ System ကအသုံးပြုသည့် UID ပဲဖြစ်ပါတယ်။ Operating System ကအသုံးပြုသည့် Account တွေပဲဖြစ်ပါတယ်။UID 1000 ကနေ 60,000 ထိကိုထပ်မံ Create လုပ်မည့် Normal User Account တွေအတွက်သုံးပါတယ်။UID,GID ကိုသတ်မှတ်သည့်နေရာမှာ နောက်ဆုံးဆောက်ခဲ့သည့် UID,GID ကိုကြည့်ပြီး ၁တိုးသွားပါတယ္်။ ဥပမာ - user1 ဆိုသည့် User Account က UID 1000 ပဲထားပါတော့။ နောက် user2 ဆိုသည့် နောက်တစ်ကောင့် ထပ်ဆောက်လိုက်သည့်အခါမှာတော့ UID 1001 ဆိုပြီးဖြစ်သွားတာကို ဆိုလိုခြင်းပဲဖြစ်ပါသည်။ User Account တွေကို နှစ်ကောင့်ထပ်ပိုပြီးမဆောက်ပေးချင်ဘူး။အဲ့ဒါဆိုဘယ်လိုလုပ်ရမလဲဆိုရင် UID ရဲ့ Default Maximum Value ကို ချိန်းပေးဖို့ပါတယ်။ ဘယ္် မှာသွားပြင်ရမလဲဆိုတော့ vi /etc/login.defs လို့ရိုက်ပြီးသွားပြင်နိုင်ပါတယ်။အဲ့ထဲက UID_MAX 60000 နေရာမှာ UID_MAX 1001 ပြင်လိုက်ပါ။ ဒါဆို UID 1000 နဲ့ 1001 အဲ့နှစ်ကောင့်ပီးသွားရင်တော့ ထပ်ဆောက်လို့ရမှာမဟုတ်တော့ပါဘူး။User Account ရဲ့ UID ကိုကြည့်ချင်ရင်တော့ id ဆိုသည့် Command နဲ့ကြည့်နိုင်ပါသည်။

ပြောတာတွေလဲနဲနဲများသွားပီဆိုတော့ User Account တည်ဆောက်တာလေးစလိုက်ကြရအောင်။ User Account တည်ဆောက်ချင်ရင်တော့

  • useradd username

useraccount တစ်ခုကို Password သတ်မှတ်ချင်တယ်ဆိုရင်တော့

  • passwd username

User Account ရဲ့ id ကိုကြည့်ချင်ရင်တော့

  • id username

User Account ရဲ့ Info တွေကိုကြည့်ချင်တယ်ဆိုရင်တော့

  • cat /etc/passwd

User Account ကို သက်ဆိုင်ရာ Group ဆီကိုအပ်ချင်ရင်တော့

  • usermod -aG group username

User Account ကို ထည့်ထားသည့် Group မှပြန်ထုတ်ချင်ရင်

  • gpasswd -d username group

User Account ကို ဖျက်ချင်ရင်

  • userdel -r username

Last updated

Was this helpful?