Software Package Managing Tools
apt (Advanced Packaging Tool) and yum (Yellowdog Updater Modified)
=======================================================
Linux Distro များတွင် DEB (Debian) Family နဲ့ RPM (Redhat Package Management)
Family ဆိုပြီး နှစ်မျိုးရှိပါတယ်။ ဒီ Family နှစ်မျိုးလုံးမှာတော့ အခြေခံ Command တွေအားလုံး ဟာတူညီကြပေ မယ့် Package Installation တွေကတော့ ကွဲပြားပါတယ်။ ကျွန်တော်တို့ဟာ Debian Family မှာဆိုရင် ဥပမာ- Ubuntu ပဲထားပါတော့။ Ubuntu မှာ Software တွေကို Install လုပ်ချင်တယ်ဆိုရင် Internet ကနေ သူ့ သက်ဆိုင်ရာ Repo Site တွေကိုချိတ်ဆက်ကာ Download ဆွဲပြီး တစ်ခါတည်း Auto Install လုပ်ပါတယ်။ အဲ့အခါမှာတော့ Debian family တွေမှာ ဆိုရင် Software Installation Command ကို apt-get နဲ့အသုံးပြု မည်ဖြစ်ပြီး ၊ RPM Based Distro ဖြစ်တဲ့ Redhat,CentOS,Fedora တို့လို OS တွေမှာဆိုရင်တော့ yum ဆိုသည့် Command ကိုအသုံးပြုပေးရပါတယ်။
apt-get update and yum date
========================
DEB Family နဲ့ RPM Family တိုင်း Linux OS တင်ပြီးတိုင်းမှာ DEB မှာဆို apt-get update , RPM မှာဆို yum update ဆိုပြီးရိုက်ပေးရပါတယ်။ဘာကြောင့် ဒီ Command တွေရိုက်ရလဲဆိုတာကတော့ ဒီ Command တွေဟာ သူတို့ရဲ့သက်ဆိုင်ရာ Repo Site တွေဆီကနေ Software Package တွေရဲ့ Update Information တွေကိုရ ယူပေး လို့ပဲဖြစ်ပါတယ်။ဒီ Command ကို မရိုက်ထားခဲ့ဘူးဆိုရင် apt-get , yum တို့နဲ့ Software Install လုပ်လို့ရမှာ မဟုတ်ပါဘူး။ apt-get update , yum update Command တွေရိုက်ပြီးသွားရင်ဆိုရင်တော့ Repo တွေကို Update လုပ်ပါမယ်။ apt-get update နဲ့ yum update က မိမိတို့စက်ကနေ Download ဆွဲပြီး install လုပ်သည့်အခါတွင် အဆင်ပြေ အောင် Package တွေကို List လုပ်ပေးသည့်သဘောပဲဖြစ်ပါတယ်။
apt-get upgrade and yum upgrade
============================
apt-get upgrade , yum upgrade ကတော့ ရှိပြီးသား Software တွေကို နောက်ဆုံး Version မြှင့်ချင် သည့်အခါ upgrade လုပ်ချင်းမျိုးဖြစ်ပါသည်။
Software Package Managing Tools ထဲမှာနောက်ထပ်တခြား Distro တွေမှာအသုံးပြု တာ တွေလဲ ရှိပါသေးတယ်။အသေးစိတ်သိချင်ရင်တော့ ဒီ Link သွားရောက်ဖတ်ရှုနိုင်ပါတယ်။ https://www.2daygeek.com/list-of-command-line-package-manager-for-linux/
Debian Base Command
Redhat Base Command
Description
dpkg -s pkgname
rpm -qi pkgname
Check a package is install or not
dpkg -i pkgname.deb
rpm -ivh pkgname.rpm
Offline install package
dpkg -l
rpm -qa
List all installed package
dpkg -r pkgname
rpm -evv pkgname
Remove a package
dpkg -L pkgname
Rpm -ql pkgname
Check the location of a install package
apt-get update
yum update
Description
apt-get install pkg name
yum install pkgname
Install a package (online)
apt-get download pkgname
Yumdownloader pkgname
Download package (not install)
apt-cache pkgname
yum list
List package in Repo
apt-cache search pkgname
yum search pkgname
Search package in repo
apt-cache show pkgname
yum info pkgname
Info of Package
apt-get remove pkgname
yum remove pkgname
Uninstall a installed package
apt-get purge pkgname
yum -y remove pkgname
Uninstall a installed package with config
apt-get upgrade
yum upgrade
Upgrade all software (Version & release)
Last updated
Was this helpful?