File System Hierarchy
Last updated
Was this helpful?
Last updated
Was this helpful?
/ Root Directory - Root Directory ဆိုတာကတော့ပင်မ Directory ကြီးတစ်ခုပါ။ Windows မှာဆို (C) Partition ပေါ့။ Linux မှာလဲဒီလိုပဲ ကျန်သည့် Directory အားလုံးက Root Directory ရဲ့လက်အောက်မှာပဲရှိတာပါ။ File တစ်ခုချင်းစီကိုသွားချင်ရင်အမြဲတမ်းRoot Directory ကနေပဲအရင်ဖြတ်ရပါတယ်။ပီးမှကိုယ်သွားချင်သည့် Directory တွေကိုဆက်သွားနိုင်တာဖြစ်ပါတယ်။Root Directory ကိုတော့ Root User ကပဲ Read and Write လုပ်လို့ရမှာဖြစ်ပါတယ်။
/bin - Bin Directory ကတော့ သာမန် User တွေအသုံးပြုမည့် Essential Command တွေရှိသည့်နေရာပဲဖြစ်ပါတယ်။ ဥပမာ - cat ,ls,pwd,cp စသည့် Command တို့ပဲဖြစ်ပါသည်။
/boot - Boot Directory ကတော့ Boot တတ်သည့်အခါလိုအပ်သည့် boot process file တွေကိုသိမ်းထားသည့်နေရာဖြစ်ပါတယ်။
/dev - Dev Directory ကတော့ device နဲ့ပတ်သက်သည့် Fileတွေကိုသိမ်းထားသည့်နေရာဖြစ်ပါတယ်။ဥပမာ - Usb,Hdd စသည့် Device File တွေကိုသိမ်းထားပါသည်။
/etc - etc ကတော့ system configuration setting တွေရဲ့ config ဖိုင်တွေသိမ်းထားသည့်နေရာဖြစ်ပါတယ်။
/home - home directory ကတော့ User အတွက် Personal အသုံးပြုသည့် Directory တစ်ခုပဲဖြစ်ပါတယ်။ User Account အသစ်ဆောက်တိုင်း home directory အောက်မှာ ဆောက်ခဲ့သည့် Username နဲ့သိမ်းပါတယ်။
/root - root user ရဲ့ Home Directory ပဲဖြစ်ပါတယ်။
/lib - essesntial libraries တွေနဲ့ Kernel Module တွေထားရှိသည့် fileပဲဖြစ်ပါတယ်။
/media - media directory ကတော့ media device တွေကို run ပြီး mount လုပ်ပေးသည့် directory ပဲဖြစ်ပါတယ်။ဥပမာ - CD -ROM ,Removal Drive စသည်တို့run ပါသည်။
/mnt - Temporary mount directory တွေ Run သည့်နေရာပဲဖြစ်ပါသည်။Temporary File System တွေကို mount သည့်အခါအသုံးပြုသည့်နေရာဖြစ်ပါသည်။
/opt - ဒီ directory ကတော့အပြင်က third party software တွေသွင်းသည့်အခါအသုံးပြုသည့် directory ပဲဖြစ်ပါသည်။
/sbin - essential system binaries ဖိုင်တွေကိုသိမ်းသည့်နေရာဖြစ်ပါသည်။
/srv - Site-specific data served system တွေရဲ့ သီးသန့်နေရာပဲဖြစ်ပါတယ်။
/tmp - tmp folder ကတော့ application တွေရဲ့ temp file တွေကိုသိမ်းသည့်နေရာဖြစ်ပါသည်။ Windows temp folder နဲ့အတူတူပဲဖြစ်ပါသည်။
/usr - user တွေရဲ့ binary files တွေ,app အတွက်လိုအပ်သည့်file တွေကိုသိမ်းသည့်နေရာပဲဖြစ်ပါသည်။
/usr/bin - user commands တွေကိုသိမ်းဆည်းထားသည့်နေရာဖြစ်ပါသည်။
/var - ဒီထဲမှာတော့ database cache, log files ,printer spooled documents တွေ, website တွင်အသုံးပြုသည့် file တွေကိုသိမ်းဆည်းထားသည့်နေရာဖြစ်ပါသည်။
/run - process id files တွေ lock files တွေကိုသိမ်းဆည်းပါတယ်။
/proc - Virtual filesystem တွေနဲ့ပတ်သက်သည့်ဖိုင်တွေကိုသိမ်းထားသည့်နေရာပဲဖြစ်ပါသည်။ဒီဖိုင်တွေကတော့ harddisk ပေါ်မှာမဟုတ်ပဲ memory ပေါ်မှာပဲရှိသည့် File တွေဖြစ်ပါတယ်။ဥပမာ cpu info ,memory info စသည်တို့ရှိပါတယ်။