IP Address Assign Redhat Distro
Redhat DistroတွေမှာIP Address ပေးပြီဆိုရင် Command LineကနေIP Addressပေးလို့ရပါသည်။
IP Addressပေးသည့်ပုံစံကတော့
IPADDR=192.168.1.1
NETMASK=255.255.255.0
GATEWAY=192.168.1.1
DNS1=8.8.8.8
DNS2=8.8.4.4
Linux OSတွေမှာIP Addressပေးဖို့ဆိုရင်VI Editorကိုအသုံးပြုပြီးတော့ပေးရပါတယ်။အရင်ဆုံးအနေနဲ့IP Addressပေးတော့မယ်ဆိုရင်တော့IP Addressပေးလို့ရမည့်လမ်းကြောင်းကိုအရင်ဆုံးသိရမည်ဖြစ်ပါသည်။
-cd /etc/sysconfig/network-scripts
အဲ့လိုရိုက်ပီး enterခေါက်လိုက်ရင်network-scriptsထဲရောက်သွားမည်ဖြစ်ပါသည်။network-scriptsရဲ့အောက်မှာမှIP Addressပေးလို့ရမည့်Network Cardတွေရှိပါသည်။lsဆိုတဲ့commandကိုရိုက်ပီးnetwork cardတွေကိုစစ်ကြည့်လိုက်ပါ။အဲ့ဒီမှာNetwork Cardတွေအများကြီးဖြစ်ရင်ဖြစ်နေပါလိမ့်မည်။အဲ့ဒီမှာဘယ်Network CardကိုIPပေးရမလဲမသိဖြစ်နေပါလိမ့်မည်။ဒါဆိုရင်တော့ကျွန်တော်တို့Network Cardကိုစစ်ဆေးဖို့လိုအပ်ပါလိမ့်မည်။Network Cardကိုစစ်ဆေးသည့်
Commandကတော့
# nmcli deviceဆိုပြီးရိုက်ပြီးစစ်ကြည့်နိုင်ပါသည်။
ကျွန်တော်တို့ကအခုCableနဲ့ချိတ်မှာဖြစ်သည့်အတွက်Ethernet Network Cardကိုသုံးရပါမယ်။စစ်ကြည့်လိုက်တဲ့အခါDEVICEမှာenp0s3ဖြစ်ပါတယ်။TYPEမှာEthernetလို့တွေ့ရပါမည်။ဒါဆိုဒီNetworkCardကEthernet Network Card ဆိုတာသေချာသွားပါပြီ။
IP Addressပေးဖို့ etc fileလမ်းကြောင်းအောက်ထဲဝင်ချင်ရင်တော့root userနဲ့ဝင်မှရပါသည်။root userနဲ့ဝင်ဖို့အတွက်commandက
# su
Password:
suလို့ရိုက်လိုက်တာနဲ့passwordတောင်းပါမည်။passwordမှာRoot User passwordထည့်ပေးပါ။user passwordမဟုတ်ပါ။root userနဲ့ဝင်ပြီးပီဆိုတာနဲ့အရင် $ Signကနေ #Signသို့ပြောင်းသွားပါလိမ့်မည်။ဒါဆို root user ဝင်ပြီးပြီဖြစ်သည်။ဒါဆို ipပေးဖို့Network Cardရှိရာလမ်းကြောင်းသွားရပါမည်။
- cd/etc/sysconfig/network-scripts
ဝင်ပြီးသွားရင် ifcfg-enp0s3 network cardကိုဝင်ပြီးIPပေးရပါမည်။
IPမပေးခင်အဲ့Fileထဲမှာဘာတွေရှိလဲသိချင်ရင်တော့Commandက
- cat ifcfg-enp0s3
အဲ့ဒါဆိုသူထဲမှာရှိတဲ့စာတွေမြင်ရပါလိမ့်မည်။catကစာဖတ်သည့်commandဖြစ်ပါသည်။IPပေးဖို့အတွက်VI Editorနဲ့ပေးရပါမည်။
BOOTPROTO=dhcpနေရာမှာstaticဟုရိုက်ပေးပါ။
ONBOOT= noနေရာမှာမှာ yesဟုပြောင်းရိုက်ပေးပါ။
- vi ifcfg-enp0s3
အဲ့ဒါဆို VI Editorထဲရောက်သွားပီဖြစ်ပါသည်။ဒါပေမဲ့ Command Modeထဲပဲရောက်ပါသေးတယ်။စာတွေပြင်ချင်တယ်ဆိုရင်တော့ Insert Modeထဲဝင်ရပါမည်။ iကိုနှိပ်ရင် Insert Modeထဲရောက်ပါပြီ။စာတွေအကုန်ရိုက်ပြီးလို့ပြင်ထားတွေကိုSaveချင်ရင်Esc keyနှိပ်ပါ။အဲ့ဒါဆိုCommand modeပြန်ရောက်ပီဖြစ်ပါသည်။Command Modeမှာ :wq ဟုရိုက်ပါ။ပြီးရင်တော့ Network Cardအလုပ်လုပ်ဖို့အတွက်
- systemctl restart network ဟုရိုက်ပေးရပါမည်။
Last updated
Was this helpful?