LearningLinux
  • Introduction To Linux Operating System
  • CentOS Installation
  • File System Hierarchy
  • Hardware Device
  • Boot Process
  • User and Application,Kernel,Shell
  • Symbols
  • Terminal Overview
  • System Command
  • File Paths
  • Linux File/Folder Properties
  • Linux Basic Command
  • Tar Command
  • Creating User and User Information Command
  • Group Information Command
  • Root Password Recovery(Redhat Distro)
  • Controlling Service
  • IP Address Assign Redhat Distro
  • NIC Bonding
  • File Permission
  • Access Control List (ACL)
  • Default Permission
  • Software Package Managing Tools
  • Connect Via SSH To Your Server
Powered by GitBook
On this page

Was this helpful?

CentOS Installation

PreviousIntroduction To Linux Operating SystemNextFile System Hierarchy

Last updated 1 year ago

Was this helpful?

CentOS Installation

CentOS Installation လုပ်ရန် CentOS DVD (or) USB Stick နဲ့ boot လုပ်ပြီး စက်ထဲထည့်လိုက် ပါ။ boot တက်လာရင် အောက်ပါပုံအတိုင်းတွေ့ရမည်ဖြစ်သည်။ အဲ့မှာ Install CentOS ဆိုတာကိုရွေးပြီး Enter ခေါက်လိုက်ပါ။

နောက်ထပ် Language settings ချိန်ခိုင်းမည်ဖြစ်သည်။ Continue နဲ့ပဲဆက်သွားပါ။

ဒီနေရာရောက်ရင်တော့ မိမိတင်ချင်သည့် Desktop Enviorment or Server စိတ်ကြိုက်ရွေးတင်နိုင်သည်။

ပထမဆုံးအနေနဲ့ Date and Time Setting ချိန်ပေးပါ။

နောက်ထပ် Network&Hostname ကို ချိန်ပေးပါ။Hostname မှာ မိမိပေးချင်တဲ့ name ပေးပါ။ Ethernet သည် Default Off နေမည်ဖြစ်သည်။ On လုပ်ပေးပါ။ ဒါက Network ချိတ်ဆက်ထားမှသာ On လို့ရမည်ဖြစ်သည်။ပြီးသွားရင်တော့ Done ကိုနှိပ်ပေးပါ။ပုံမှာ IP auto ကျနေတာကတော့ dhcp server ကြောင့်ဖြစ်သည်။

ပြီးသွားလျှင်တော့ Software Selection မိမိတင်ချင်သည့် Server or Desktop Environment ကိုရွေးပေးပါ။ ဘာမှမရွေးပဲ minimal Install နဲ့ပဲတင်လိုက်ရင်တော့ Command Line နဲ့ ပဲအသုံးပြုရင်ဖြစ်သည်။ Desktop Environment အနေနဲ့သုံးချင်ပါက GNOME DESKTOP ကိုရွေးပေးပါ။ Server အနေနဲ့သုံးချင်ရင် တော့ Server with GUI ကိုရွေးပေးပါ။ရွေးပီးလျှင် Done ကိုနှိပ်ပေးပါ။

နောက်ပြီးရင်တော့ INSTALLATION DESTINATION ထဲကိုဝင်ပြီး Hard Disk ကို Partition ပိုင်းပါ။ Partition ပိုင်းသည့်အဆင့်တွင် Automatically configure partitioning နဲ့ I will configure partitioning မိမိပိုင်းချင်သည့်ပုံစံကိုရွေးပိုင်းနိုင်ပါသည်။Automatically configure partitioning ကိုအမှန်ခြစ်ပြီးတော့ Done နှိပ်လိုက်တာနဲ့ System က Auto ပိုင်းသွားမည်ဖြစ်သည်။

မိမိစိတ်ကြိုက်ပိုင်းချင်ရင်တော့ I will configure partitioning ကိုရွေးပေးပြီးတော့ Done နှိပ်ပါ။ထိုအခါ Manual Partitioning ပေါ်လာမည်ဖြစ်သည်။ အဲ့အောက်မှာရှိသည့် [+] sign ကိုနှိပ်ပေးပါ။

Partition ပိုင်းတော့မယ်ဆိုရင်သိထားရမှာက /boot ,swap,/ ဆိုပြီး (၃)ပိုင်း ပိုင်းပေးရမည်ဖြစ်သည်။ Partition ပိုင်းရင်တော့ / (root) Partition ကိုနောက်ဆုံးမှပိုင်းပေးရမည်ဖြစ်သည်။အရင်ဆုံးအနေနဲ့ /boot Partition ပိုင်းပါမယ်။ /boot Partition ပိုင်းရင် တော့ 1GB လောက်ဆိုလုံလောက်ပါပြီ

ဒီတစ်ခါမှာတော့ ကျွန်တော်တို့ /home Partition ကိုပိုင်းပါမယ်။/home Partition ကတော့သီးသန့်မပိုင်းထား လဲရပါတယ်။/home Partition ကို 50GB ပေးပြီး ပိုင်းလိုက်ပါမယ်။

နောက်ထပ် Swap Partition ကိုထပ်ပိုင်းပါမယ်။ Server မှာ RAM 4 GB စိုက်ထားရင် Swap Partition ကို 2GB ပဲထားပါ။Desktop မှာဆို RAM 4 GB စိုက် ထားရင် Swap Partition ကို 4GB လောက်ထားပါ။Swap Partition ကိုအထက်ပါအတိုင်းအတိအကျ ထားစရာမလိုပါ။Server ဆိုရင်တော့ Desktop လိုမျိုး Packcage တွေ Software တွေစိတ်ကြိုက်မသွင်းပဲ လိုအပ်သည့် Service တွေကိုသာ Run မှာဖြစ်သည့်အတွက် Swap Partition ကိုအများကြီးပေးစရာ မလိုပါဘူး။Desktop မှာဆိုရင်တော့မိမိတို့သုံးချင်သည့် Software အမျိုးမျိုး သုံးမှာဖြစ်သည့်အတွက် အနည်းဆုံး 4GB ရှိသည့် စက်မှာတော့ 2GB လောက်တော့ထားသင့်ပါသည်။

Performance ကောင်းသည့် စက်တွေဆိုရင်တော့ Swap Partition မထားလည်းကိစ္စမရှိပါဘူးခင်ဗျာ။ ကျွန်တော်ကတော့ ဒီမှာ Swap Partition ကို 4G လောက်ပိုင်းလိုက်ပါမယ်။

ဒီတစ်ခါမှာတော့ နောက်ဆုံး / (root) partition ကိုပိုင်းပါမယ်။ / partition ကို 30GB ပေးပြီးပိုင်းပါမယ်။

အခုpartition ပိုင်းတဲ့ ပုံစံက ကျွန်တော်မှာ HDD Space က 100GB ပေးထားသည့်အတွက် ယခုလို ပိုင်းခြင်း ဖြစ်ပါ သည်။ အားလုံးပိုင်းပြီးသွားပြီဆိုရင် အောက်ပါပုံအတိုင်းတွေ့မြင်ရလိမ့်မည်ဖြစ်ပါသည်။

ပိုင်းမှာသေချာပီ ဆိုရင်တော့ Done ကိုနှိပ်ပါ။Summary of Change ဆိုပြီး Box တစ်ခုကျလာမည်။ Accept Changes ကိုနှိပ်ပါ။

နှိပ်ပြီးသွားရင်တော့ Begin Installation ကိုနှိပ်လိုက်ပါ။ဒါဆို Centos ကို Install စလုပ်နေပြီပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ Root User ရဲ့ Password သတ်မှတ်ပါ။ နောက်ထပ် User Creation ထဲမှာ မိမိအသုံးပြုမည့် User Account တစ်ခုတည်ဆောက်ပါ။အဲ့ဒါတွေ လုပ်ပြီးလျှင်တော့ Installation ပြီးတဲ့အထိစောင့်ပါ။

Install လုပ်လို့ ပြီးသွားရင် reboot ဆိုတာကိုနှိပ်လိုက်တာ ဒါဆို Restart ကျသွားမည်ဖြစ်ပါသည်။

စက်ပြန်တက်လာရင်တော့ အောက်ပါပုံအတိုင်းပေါ်လာမည်ဖြစ်ပြီး Enter နှိပ်လဲ ရသလို သတ်မှတ်ထားသည့် Second ပြည့်သွားရင်လဲသူဘာသူ တက်လာမည်ဖြစ်ပါသည်။

ပြီးသွားရင်တော့ License Information ထဲဝင်ရမည်ဖြစ်ပြီး

သဘောတူညီကြောင်း I accpect the license agreement ရှေ့က box လေးမှာအမှန်ခြစ်လေးခြစ်ပြီး Done နှိပ်ရပါမည်။

အဲ့ဒါ ပြီးသွားရင်တော့ User Login Box ကျလာမည်ဖြစ်ပြီး မိမိပေးခဲ့သည့် Username & Password တို့ဖြင့် ဝင်ရောက်အသုံးပြုလို့ရပီပဲဖြစ်ပါသည်။