Terminal Overview

ဒါကတော့Terminal ထဲမှာပါသည့်အသုံးအနှုန်းလေးတွေကိုပြောပြခြင်းဖြစ်ပါတယ်။အရှေ့ဆုံးက dream ဆိုတာကတော့ username ကိုပြတာဖြစ်ပြီး dream-IT ဆိုတာကတော့ Hostname တစ်နည်းအားဖြင့် computer name ပဲဖြစ်ပါတယ်။ (~) tidle ကတော့ current location ကိုပြတာပဲဖြစ်ပါတယ်။ ($) ကတော့ user prompt ကိုပြခြင်းပဲဖြစ်ပါသည်။အဲ့နေရာမှာ (#) sign လေးနဲ့ဆိုရင်တော့ root user prompt ကိုဆိုလိုတာပဲဖြစ်ပါသည်။

Terminal Open Command

Linux Terminal ကို ဖွင့်တာကိုကျွန်တော် နှစ်မျိုးပြောပေးသွားပါမည်။ပထမတစ်ချက်ကတော့ Keyboard က Alt key + F2 key ကိုနှိပ်ပါ။ Command Box လေးကျလာရင်အဲ့ Box ထဲမှာ gnome-terminal လို့ရိုက်ထည့်ရင် Terminal ပွင့်လာမည်ဖြစ်ပါသည်။နောက်တစ်နည်းကတော့ Desktop ပေါ်မှာ right click ထောက်ပီး Open in Terminal ဆိုတာကိုနှိပ်ပြီးဖွင့်နိုင်ပါသည်။

Command ,Option and Argument

Command တစ်ခုမှာ command,option,argument ဆိုပီး ၃ပိုင်းရှိပါတယ်။ ဒီနေရာမှာကတော့ Command ကတော့ မဖြစ်မနေသုံးရမည့်အရာဖြစ်ပြီး Option နဲ့ Argument နဲ့ကတော့ လိုအပ်မှအသုံးပြုနိုင်ပါသည်။ ပုံပါအတိုင်း ls ကတော့ Command ဖြစ်ပြီး directory ထဲမှာရှိတဲ့အရာကို list ထုတ်ပြသပါလိမ့်မယ်။ ဒီနေရာပြောချင်တာကတော့ ls သည် command ဖြစ်ပြီး -lသည် option ဖြစ်ပါသည်။ အနောက်က /etc ကတော့ Argument ဖြစ်ပါသည်။

Last updated

Was this helpful?